
iOS 7 သို့ Firmware Activate ပြုလုပ်သူများ အနေဖြင့် Activate ပြုလုပ်ရာတွင် iCloud အားအသုံးပြု၍ Activate ပြုလုပ်ပါက ဂရုစိုက်သင့်ကြောင်း သိရသည်။ iOS 7 ၌ Firmware Activate ပြုလုပ်ရာတွင် ကိုယ်တိုင်ပြုလုပ်သူ အချို့၌ iCloud အကောင့်မှတစ်ဆင့် Login ဝင်ကာ Activate ပြုလုပ်ခဲ့ပြီး Activate ပြုလုပ်ပြီး၍ ပြန်ထွက်သောအချိန်တွင် iCloud အကောင့်အား Log Move ဖြင့်ပြန်လည်ထွက်လာပါက မိမိတို့၏ဖုန်းများအတွက် နောက်တစ်ကြိမ် Firmware Activate ပြုလုပ်ရာ၌ ဖုန်း Lock ကျသော ပြဿနာများ ရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။ ယင်းနှင့်ပတ်သက်၍ X-code မိုဘိုင်းမှ တာဝန်ရှိသူ ကိုပြည့်ဖြိုးမှ ပြောပြရာတွင် “ iOS7 မှာ Firmware Activate ပြုလုပ်တဲ့အခါမှာ ဂရုစိုက်သင့်တဲ့ အချက်တစ်ခုရှိပါတယ်။ အဲဒါကတော့ iCloud အကောင့်ပါ။ Firmware ကို Activate ပြုလုပ်ချိန်မှာ iCloud ကနေ Login ဝင်ပြီးပြုလုပ်ခဲ့တယ်ဆိုရင် Activate ပြုလုပ်ပြီးချိန်မှာ iCloud အကောင့်ကို Logout လုပ်ပြီးပြန်ထွက်လာရပါမယ်။ အဲဒီလိုမျိုး Log out မလုပ်ဘဲနဲ့ တစ်ခါတည်း တန်းပြီးတော့ Logmove လုပ်ပြီးထွက်လာခဲ့ လိုက်ရင်တော့ နောက်တစ်ကြိမ် ကိုယ့်ရဲ့ဖုန်းကို Firmware Activate ပြုလုပ်ချိန်မှာ ဖုန်းအတွက် ကိုယ်ပထမသုံးခဲ့တဲ့ iCloud အကောင့်ရဲ့ Password ကိုပြန်တောင်းမှာ ဖြစ်ပါတယ်။ အဲဒီလိုပြန်တောင်းတဲ့ အချိန်မှာ ကိုယ်ကပထမ iCloud ရဲ့ပက်စ်ဝက်ဘ်ကို မသိတော့ဘူးဆိုရင်တော့ အဲဒီဖုန်းဟာ အမြဲတမ်းအတွက် Lock ကျသွားတော့မှာ ဖြစ်ပါတယ်။ အဲဒီအတွက် Activate ပြုလုပ်ချိန်မှာ iCloud အကောင့်ကို ဂရုစိုက်သင့်ပါတယ်” ဟုပြောသည်။ ယင်းကဲ့သို့ Lock ကျသွားပါက ပြန်လည်ပြုလုပ်ရန် ခက်ခဲသွားမည်ဖြစ်ပြီး လက်ရှိအချိန်တွင် iPhone 4S များထိသာ ပြန်လည်ပြုလုပ် နိုင်သေးကြောင်း သိရသည်။
အဆင်ပြေပါစေ..
မောင်ပေါက်< Knowledge Note >
www.maungpauk.org
Credit to : Internet Journal
Ios 7 သို့ Firmware Activate ပြုလုပ်သူများ Icloud အကောင့်အား ဂရုစိုက်သင့် ~ Unioncomputerclass(1) >>>>> Download Now
ReplyDelete>>>>> Download Full
Ios 7 သို့ Firmware Activate ပြုလုပ်သူများ Icloud အကောင့်အား ဂရုစိုက်သင့် ~ Unioncomputerclass(1) >>>>> Download LINK
>>>>> Download Now
Ios 7 သို့ Firmware Activate ပြုလုပ်သူများ Icloud အကောင့်အား ဂရုစိုက်သင့် ~ Unioncomputerclass(1) >>>>> Download Full
>>>>> Download LINK w5