၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၂၅ ရက် နှင့် ၂၆ ရက် (စနေနေ့နှင့် တနင်္ဂနွေနေ့) တို့တွင် Mandalay Hill Resort ဟိုတယ် တွင်ကျင်းပမည့် အင်္ဂလိပ်စာဆရာ၊ ဆရာမများ၏ တတိယအကြိမ် နှစ်ပတ်လည်ညီလာခံ (Third Annual Mandalay Conference for Teachers of English) ကို တက်ရောက်လိုသည့်ဆရာ၊ ဆရာမများသည် ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၆ ရက်နေ့မှ ၁၀ ရက်နေ့ အတွင်း ဗြိတိသျှကောင်စီ မန္တလေး အမှတ် ၆/၇၊ မြေညီထပ်၊ SY တိုက်တန်း၊ ၃၀၊ ၃၁ လမ်းနှင့် ၇၇၊ ၇၈ လမ်းကြား၊ ချမ်းအေးသာဇံမြို့နယ်၊ ဖုန်းနံပါတ် ၀၂-၃၃၉၀၄ သို့ ဆက်သွယ်စာရင်းပေးသွင်းနိုင်ကြောင်း သတင်းထုတ်ပြန်ထားပါသည်။
ယခုနှစ် အခမ်းအနား၏ ဆောင်ပုဒ်မှာ “Innovations: Making Learning Engaging, Interactive, Accessible and Fun” ဖြစ်သည့်အလျောက် အင်္ဂလိပ်ဘာသာစကား သင်ယူမှုကို စိတ်၀င်စားဖွယ် ဖြစ်စေရန် ဆန်းသစ်တီထွင်သော နည်းလမ်းများ၏ အရေးပါပုံများကို မီးမောင်းထိုးပြသွားမည့် အဓိကဟောပြောပွဲတစ်ခုနှင့် အလုပ်ရုံဆွေးနွေးပွဲပေါင်း (၂၀) ကျော်ပါ၀င်မည်ဖြစ်သည်။
ဆွေးနွေးပွဲ၏ ပင်မမိန့်ခွန်းကို Macmillan Education ၏ အာရှဒေသတာ၀န်ခံ မစ္စတာ ကလိုင်ဒ်ဖောင်းလ် (Product Development and Teacher Training) မှ ပြောကြားပေးသွားမည်ဖြစ်ပြီး ၄င်းမှ “Selecting classroom activities to make learning interactive, engaging and productive” အလုပ်ရုံဆွေးနွေးပွဲဖြင့်လည်း တက်ရောက်သူများ စိတ်၀င်စားစေရန် ထပ်လောင်းပြောကြားပေးသွားမည် ဖြစ်သည်။
တက်ရောက်သူများသည် ဗြိတိသျှကောင်စီမှ ဝါရင့်နိုင်ငံတကာ အင်္ဂလိပ်စာဆရာဆရာမ (၆) ဦး၏ ဆွေးနွေးပွဲများမှ လေ့လာဆွေးနွေးရန် အခွင့်အလမ်းကောင်းများ ရရှိမည်ဖြစ်သကဲ့သို့ မန္တလေးမြို့မှ ပြည်တွင်းပြည်ပ ပညာရှင်များ၏ ဆွေးနွေးပွဲများမှလည်း အတွေ့အကြုံကောင်းများ ရရှိနိုင်မည် ဖြစ်သည်။
စာရင်းပေးသွင်းနိုင်ရန် လက်မှတ်များကို ကျသင့်ငွေမှာ မြန်မာငွေ ကျပ် (၄၀,၀၀၀) ဖြစ်ပြီး ရုံးချိန်အတွင်း လက်ခံပေးသွားမည် ဖြစ်သည်။ တက်ရောက်သူအရေအတွက် (၁၀၀) ခန့်သာလက်ခံနိုင်မည်ဖြစ်သောကြောင့် ဦးရာလူစနစ်ကို ကျင့်သုံးသွားမည် ဖြစ်သည်။
နှစ်ပတ်လည် ညီလာခံအစ၊ အဆုံးတက်ရောက်သူများအတွက် တက်ရောက်ကြောင်းလက်မှတ် (Certificate of Attendance) ပေးမည်ဖြစ်ပြီး နေ့စဉ် နေ့လည်စာတစ်ကြိမ်နှင့် လက်ဖက်ရည်သောက်နားချိန် နှစ်ကြိမ် ပါ၀င်မည်ဖြစ်သည်။
အခမ်းအနားနှင့် ပတ်သက်၍ ထပ်မံသိရှိလိုသည်များကို ဦးအေးကြူ (ဗြိတိသျှကောင်စီ မန္တလေး) ဖုန်းနံပါတ် ၀၂-၃၃၉၀၄ aye.kyu@mm.britishcouncil.org (သို့မဟုတ်) ဒေါက်တာခိုင်ဖြူထွဋ် (ဗြိတိသျှကောင်စီ ရန်ကုန်) ဖုန်းနံပါတ် ၀၁-၂၄၅၆၅၈၊ ၂၅၆၂၉၀၊ ၂၅၆၂၉၁ (လိုင်းခွဲ -၃၃၅၇) khaingphyu.htut@mm.britishcouncil.org သို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။
by Team ICT
Myanmar ICT News
0 comments:
Post a Comment