Saturday, December 7, 2013

Apple မိုဘိုင်းပစ္စည်း ၇၄ ရာခိုင်နှုန်းက iOS7 Update လုပ်ပြီး

 
Apple ရဲ့  Developer များပြုလုပ်တဲ့ စစ်တမ်းအရ ကမ္ဘာပေါ်မှာ ရှိတဲ့ Apple မိုဘိုင်း ပစ္စည်း အားလုံးမှာ ၇၄ ရာခိုင်နှုန်းက iOS7 ကို အသုံးပြုနေပြီ ဖြစ်ကြောင်း သိရ ပါတယ်။
၂၂ ရာခိုင်နှန်ုးက iOS6 ကို အသုံးပြုနေသေးပြီး ၄ ရာခိုင်နှုန်းက Earlier version ကိုအသုံးပြုနေခြင်း ဖြစ်ပါတယ်။ ဒါဟာ iOS7 ရဲ့  အောင်မြင်မှု ကို ပြသခြင်း ဖြစ်ကြောင်း ဆိုပါတယ်။ iOS7 ကို Beta Version မှာ ကတည်းက အသုံးပြုသူ များပြားပြီး Full Version တင်အပြီး အိုင်ဖုန်း အများစုဟာ iOS7 ကို Update လုပ်ကုန် ကြပါတယ်။ iPhone 4 ကနေစပြီး Device အားလုံး Update ပြုလုပ်နိုင်ခြင်း ဖြစ်ပါတယ်။

 Anroid Kit Kat အတွက် စစ်တမ်းကတော့ ဝမ်းနည်းစရာပါပဲ။ ယနေ့ ကမ္ဘာပေါ်မှာ Android ပစ္စည်းအားလုံးရဲ့  ၁.၁ ရာခိုင်နှုန်း ကသာ Android ရဲ့  နောက်ဆုံးဗားရှင်း Kit Kat ကို Update လုပ် အသုံးပြုနေကြသေးကြောင်း သိရ ပါတယ်။ Kit Kat ကို လက်ရှိ Android မိုဘိုင်းဖုန်း အများစုက Update လုပ်ဖို့ မလွယ်ကူသေး ပါဘူး။ ထူးခြားချက် တစ်ခုက လွန်ခဲ့တဲ့ ၃ နှစ်ကတည်းက အသုံးပြုခဲ့ကြတဲ့ Gingerbread ဟာ Android ပစ္စည်းရဲ့  ၂၄ ရာခိုင်နှုန်း ကို လွမ်းမိုးနေ ဆဲ ဖြစ်ပြီး ဒါဟာ Android OS ရဲ့  Develop ဖြစ် မှု နှေးကွေးကြောင်းကို ပြသခြင်း ဖြစ်ပါတယ်။
သို့ပေမယ့် လက်ရှိမှာ Android Kit Kat 4.4 ကို Android ဖုန်းအားလုံးမှာ အသုံးပြုနိုင်အောင် Google ရဲ့  Android Team မှ ကြိုးပမ်းလျက် ရှိကြောင်း သိရ ပါတယ်။
.
Ref: mashable
အောင်ခမ်း ( ရိုးရာလေး )

0 comments:

Post a Comment