WiFi အကြောင်း သိကောင်းစရာများ
=========================
WiFi ဘာလဲ၊ ဘယ်လဲ ယခုအချိန်တွင် WiFi မှာ အတော်ပင် အသံကျယ် လောင်ကာ
ပြည်တွင်း၌ပင် တွင်ကျယ်လာပြီဖြစ်သည် ကို မြင်တွေ့ရသည်။ ထို့ကြောင့် WiFi
နှင့် ပတ်သက်သော အချက်အလက်များကို လေ့လာသိရှိစေရန် ရည်သန်၍ WiFi နှင့်
ပတ်သက်သည့် အချက်အလက်များ ပါရှိသော ယခုစာစုကို ရေးသားလိုက်ခြင်း ဖြစ်သည်။
WiFi ၏ အရှည်မှာ “Wireless Fitelity” ဖြစ်သည်။
၎င်း၏ မူလ ပိုင်ရှင်မှာWiFi Allance ဖြစ်ကာTEEE 802.11 ၏ Specification
များတွင် အခြေခံထားသော WLAN တစ်ခုပင်ဖြစ်သည်။ WiFi ကို Mobile Computing
များတွင် အဓိကထား အသုံးပြုကာ Laptop များတွင် Wireless LAN ချိတ်ခြင်း၌
ပို၍ အားသန်ပေသည်။ ယခုအခါတွင် Internet အပါအ၀င် VOIP Phone Access များ
Gamming Application များ TV | DVD များတွင်ပါ WiFi သုံး၍
ကြိုးအသုံးပြုခြင်းကို လျော့ချလာနိုင်ပြီ ဖြစ်သည်။ နောက် ဆုံးတွေ့ရှိလာရသော
အချက်အလက်များအရ WiFi ကို ကားများတွင်ပါ အသုံးပြုကာ Highway ၌ Mobile
Commerce ရရှိနိုင်ရန်အတွက်ဟုပင် ဆိုနေကြပြီ ဖြစ်သည်။