Showing posts with label မြန်မာ့သတင်း. Show all posts
Showing posts with label မြန်မာ့သတင်း. Show all posts
Sunday, December 8, 2013
ကမ္ဘာ့အရက်ရောဆုံး နိုင်ငံများတွင် မြန်မာ ဒုတိယချိတ်
ရန်ကုန် ၊ ဒီဇင်ဘာ ၆ ။ ။ မြန်မာနိုင်ငံသည် ၂၀၁၃ခုနှစ်၏ ကမ္ဘာ့အရက်
ရောဆုံးနိုင်ငံများစာရင်း (World Giving Index 2013) တွင် ကမ္ဘာ့
အဆင့်နံပါတ်(၂)နေရာ၌ ရှိနေ ကြောင်း ဗြိတိန်နိုင်ငံအခြေစိုက် Charities Aid
Foundation (CAF) ၏ ထုတ်ပြန်ချက်အရ သိ ရသည်။ အဆိုပါစာရင်းများကို ယခု
လအတွင်း ထုတ်ပြန်ခဲ့ခြင်း ဖြစ် ပြီးလူမှုအဖွဲ့အစည်းများအား ငွေ
လှူဒါန်းမှု၊ စေတနာ့ဝန်ထမ်းလုပ် ကိုင်ခြင်းနှင့် သူစိမ်းများအပေါ်
အကူအညီပေးမှုများ စသည်တို့ ကို တွက်ချက် မေးမြန်း ထားခြင်း ဖြစ်ပြီး ကနေဒါ၊
နယူးဇီလန်နှင့် ပူးတွဲကာ အဆိုပါနံပါတ်(၂)နေ ရာသို့ ရောက်ရှိခြင်းဖြစ်သည်။
၁၅၀၀ တန်ဖုန်းကဒ်ဖြင့်အာဆီယံ (၁၀) နိုင်ငံကိုပြည်တွင်း ဖုန်းခေါ်ဆိုခအတိုင်း ခေါ်ဆိုနိုင်ပြီ
၁၅၀၀ တန်ဖုန်းကဒ်ဖြင့် အာဆီယံ (၁၀) နိုင်ငံကို
ပြည်တွင်းဖုန်းခေါ်ဆိုခအတိုင်း ခေါ်ဆိုနိုင်ပြီဖြစ်ပါသည်။ ယင်းသို့
ခေါ်ဆိုရာတွင်ရိုက်နှိပ်ရမည့် format ပုံစံကိုတော့
သိရှိရန်လိုအပ်ကြောင်းသိရှိရပါတယ်။ သက်ဆိုင်ရာနိုင်ငံ Code ရှေ့မှာ 0100
ကို အရင်ရိုက်ပြီးမှခေါ်ဆိုရမှာဖြစ်ကြောင်းနဲ့ယင်း Code များမှာ...
နိုင်ငံတကာသုံး VISA ကတ် CB ဘဏ်စထုတ်

နိုင်ငံတကာ ငွေကြေး ဝန်ဆောင်မှု လုပ်ငန်းဖြစ်သော VISA နှင့် သမဝါယမဘဏ် လီမိတက်တို့ ပူးပေါင်း၍ တစ်ကမ္ဘာလုံး ရှိ ATM စက်ပေါင်း နှစ်သန်းကျော်တွင် သုံးနိုင်မည့် CB Bank Easi Multi-Currency Travel VISA ကတ်ကို ဒီဇင်ဘာလ ၅ ရက်နေ့မှ စတင်အသုံးပြုနိုင်ပြီ ဖြစ်ကြောင်း သမဝါယမဘဏ် လီမိတက် အမှုဆောင် အရာရှိချုပ် ဦးကျော်လင်းက ပြောကြားသည်။
၂၀၁၅ ရွေးကောက်ပွဲ စောင့်ကြည့်နိုင်ရန် ကမ္ဘောဒီးယား ရွေးကောက် ပွဲ စောင့်ကြည့်ရေးအဖွဲ့ လာရောက် ဆွေးနွေး
၂၀၁၅ ခုနှစ်တွင် မြန်မာနိုင်ငံ၌ ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲ များ
စောင့်ကြည့် လေ့လာရေး အတွက် ကမ္ဘောဒီးယား ရွေးကောက်ပွဲ စောင့်ကြည့်
လေ့လာရေးအဖွဲ့ (COMFREL) က မြန်မာနိုင်ငံရှိ အရပ်ဘက်
လူမှုအဖွဲ့အစည်းများနှင့် တစ်ပတ်ကြာ လာရောက် ဆွေးနွေးနေကြောင်း အဆိုပါ
အဖွဲ့ထံမှ သိရသည်။ COMFREL အဖွဲ့ အမှုဆောင် ညွှန်ကြားရေးမှူး COMFREL
ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ဒီဇင်ဘာလ ၆ ရက်နေ့က ရန်ကုန်မြို့ Orchid
Hotel တွင် အရပ်ဘက် အဖွဲ့အစည်းများ၊ သတင်း မီဒီယာများနှင့် တွေ့ဆုံပြီး
ကမ္ဘောဒီးယား နိုင်ငံတွင် ရွေးကောက် ပွဲ စောင့်ကြည့် လေ့လာသည့်
အတွေ့အကြုံများကို ရှင်းလင်း ပြောကြားသည်။
နိုင်ငံတစ်ဝန်း မူလတန်း ကျောင်းတိုင်း ဆရာအနည်းဆုံး ငါးဦးခန့်မည်
အခြေခံပညာ ကဏ္ဍတွင် ကျောင်းသား ဦးရေအလိုက် ဆရာ၊ ဆရာမ ခန့်ထားသော
စနစ်ကျင့်သုံးခဲ့ရာက ကျောင်းသားနှင့် ဆရာအချိုးမမျှဘဲ ဆရာ လိုအပ်ချက်ရှိသော
မူလတန်း ကျောင်းများအတွက် ယခုနှစ်မှ စတင်ပြီး ကျောင်းတစ်ကျောင်းလျှင်
ဆရာဦးရေ ငါးဦးအထိ တိုးခန့်ထားသွားမည် ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန
ဒုတိယဝန်ကြီး (အခြေခံ) ဒေါက်တာ စန်းလွင်က The Voice သို့ ပြောကြားသည်။
Friday, December 6, 2013
မြန်နှုန်းမြင့် အင်တာနက်လိုင်း တည်ဆောက်မှု ပြီးစီးဟုဆို
ဂျပန် အကူအညီဖြင့် Sumitomo Corporation၊ NEC Corporation နှင့် NTT
Communications Corporation တို့ ပူးတွဲ တည်ဆောက်နေသော မြန်နှုန်းမြင့်
အင်တာနက်လိုင်း တည်ဆောက်မှု ပြီးစီးပြီ ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီများက
ထုတ်ပြန် ကြေညာသည်။ အဆိုပါ အင်တာနက် ဆက်ကြောင်းကို ဒီဇင်ဘာလ ၄ ရက်နေ့က
ဆက်သွယ်ရေး၊ သတင်း အချက်အလက်နှင့် နည်းပညာ ဝန်ကြီးဌာနထံသို့ နေပြည်တော်တွင်
တရားဝင် လွှဲအပ်ခဲ့ပြီး ၂၀၁၄ ခုနှစ် ဇန်နဝါရီ လလယ်အထိ နည်းပညာပိုင်း
ဆိုင်ရာများကို ဆက်လက်ကူညီမည် ဖြစ်ကြောင်း ယင်း ကုမ္ပဏီများထံမှ သိရသည်။
SEA Games အလံတိုင် ဖြုတ်ရန် ကြိုးပမ်းသူ လူငယ်ငါးဦး ဒဏ်ငွေကျပ်နှစ်ရာစီ ချမှတ်
(၂၇) ကြိမ်မြောက် အမျိုးသမီး SEA Games ပြိုင်ပွဲ ကျင်းပမည့် မန္တလာသီရိ
အားကစားကွင်း ဝင်ပေါက် နေရာများတွင် စိုက်ထူထားသည့် SEA Games ပြိုင်ပွဲ
အမှတ်တံဆိပ်ပါ အလံတိုင်များကို ဖြုတ်ယူရန် ကြိုးပမ်း ခဲ့သော အသက် ၁၅ နှစ်မှ
၁၉ နှစ်ခန့် အတွင်းရှိ လူငယ်ငါးဦးကို မန္တလေး တိုင်းဒေသကြီး ချမ်းမြသာစည်
မြို့နယ် တရားရုံးက ဒဏ်ငွေ ကျပ်နှစ်ရာစီ ပေးဆောင်စေ ခဲ့ကြောင်း
စူပါစတားဘောလုံး သင်တန်းကျောင်းမှ အသင်းအုပ်ချုပ်သူ ဦးဇော်ဇော်မျိုးက
ပြောကြားသည်။
ဗြိတိသျှကောင်စီမှ မန္တလေးတွင်းကျင်းပမည့် အင်္ဂလိပ်စာ ဆရာ၊ ဆရာမများ၏ တတိယအကြိမ် နှစ်ပတ်လည် ညီလာခံ တက်ရန် စတင်စာရင်းပေးနိုင်ပြီ။
၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၂၅ ရက် နှင့် ၂၆ ရက် (စနေနေ့နှင့် တနင်္ဂနွေနေ့) တို့တွင် Mandalay Hill Resort ဟိုတယ် တွင်ကျင်းပမည့် အင်္ဂလိပ်စာဆရာ၊ ဆရာမများ၏ တတိယအကြိမ် နှစ်ပတ်လည်ညီလာခံ (Third Annual Mandalay Conference for Teachers of English) ကို တက်ရောက်လိုသည့်ဆရာ၊ ဆရာမများသည် ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၆ ရက်နေ့မှ ၁၀ ရက်နေ့ အတွင်း ဗြိတိသျှကောင်စီ မန္တလေး အမှတ် ၆/၇၊ မြေညီထပ်၊ SY တိုက်တန်း၊ ၃၀၊ ၃၁ လမ်းနှင့် ၇၇၊ ၇၈ လမ်းကြား၊ ချမ်းအေးသာဇံမြို့နယ်၊ ဖုန်းနံပါတ် ၀၂-၃၃၉၀၄ သို့ ဆက်သွယ်စာရင်းပေးသွင်းနိုင်ကြောင်း သတင်းထုတ်ပြန်ထားပါသည်။
PSB Academy မှ အင်္ဂလိပ်စာ ၀င်ခွင့်လိုအပ်သည့်ကျောင်းသား၊ ကျောင်းသူများအတွက် Placement Test စစ်ဆေးပေးသွားမည်။
စင်ကာပူနိုင်ငံရှိ
PSB Academy တွင်တက်ရောက်လိုသည့် ကျောင်းသူ၊ ကျောင်းသားများ အတွက် အင်္ဂလိပ်စာ
Placement Test ကို ဒီဇင်ဘာ (၁၅)ရက်နေ့တွင် စစ်ဆေးပေးသွားမည် ဖြစ်ပါသဖြင့် စိတ်ပါဝင်စားသူများ
အနေနှင့် STUDY ABROAD Information Centre သို့ ကြိုတင် စာရင်းပေးသွင်းနိုင်ကြောင်း
သတင်းကောင်းပါးအပ်ပါသည်။
တယ်လီနော ဆက်သွယ်ရေးကုမ္ပဏီ မြန်မာဝန်ထမ်း ၁၀၀၀ ခန့်မည်

မြန်မာနိုင်ငံရဲ့ မိုဘိုင်းဖုန်း ဆက်သွယ်ရေး အော်ပရေတာလုပ်ငန်း တင်ဒါအောင် ထားတဲ့ နော်ဝေနိုင်ငံ အခြေစိုက် တယ်လီနော Telenor ကုမ္ပဏီက လာမယ့် ၂၀၁၄ ခုနှစ်မှာ မြန်မာနိုင်ငံသား ၀န်ထမ်းအရေ အတွက် တစ်ထောင် တိုက်ရိုက်ခန့်သွားဖို့ရှိတယ်လို့ ဒီနေ့ ပြောလိုက်ပါတယ်။
Thursday, December 5, 2013
(၂၇) ကြိမ်မြောက် SEA Games ပြိုင်ပွဲ၏ ပထမဆုံး ရွှေတံဆိပ် ဆုနှစ်ခု မြန်မာခြင်းလုံး အဖွဲ့ရရှိ
မြန်မာနိုင်ငံက နှစ်ပေါင်း ၄၄ နှစ် အကြာမှ ပြန်လည် ကျင်းပခွင့်ရသည့်
(၂၇) ကြိမ်မြောက် SEA Games ပြိုင်ပွဲ၏ ပထမဆုံး ရွှေတံဆိပ်ဆု နှစ်ခုကို
ရိုးရာခြင်းလုံး ပြိုင်ပွဲဝင် အိမ်ရှင်မြန်မာ ခြင်းလုံးအဖွဲ့က ပွဲဦးထွက်
ဆွတ်ခူး သွားသည်။ ဒီဇင်ဘာ ၄ ရက်နေ့က စတင်ကျင်း ပသည့် ရိုးရာခြင်းလုံး
ပြိုင်ပွဲတွင် အိမ်ရှင်မြန်မာ အမျိုးသမီး အသင်းက ပထမဆုံး ရွှေတံဆိပ်ကို
စတင်ဆွတ်ခူးနိုင်ခဲ့ပြီး ဆက်လက်၍ မြန်မာအမျိုးသား အသင်းကလည်း ရွှေတံဆိပ်
ဆွတ်ခူးနိုင်ခဲ့ရာ မြန်မာနိုင်ငံက ပွဲဦးထွက်နေ့တွင်ပင် ရွှေတံဆိပ်
နှစ်ခုစလုံး သိမ်းကျုံး ရယူနိုင်လိုက်ခြင်း ဖြစ်သည်။
Tuesday, December 3, 2013
ဈေးဝယ်ရင်း ဗဟုသုတများစွာ ရရှိနိုင်မယ့် 1st Mobile & Tablet Fair ကိုတပ်မတော်ခန်းမတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်မည်
မြန်မာနိုင်ငံတွင်
ပထမဆုံးကျင်းပပြုလုပ်သော Mobile & Tablet Fair ကို တပ်မတော်ခန်းမတွင် ဒီဇင်ဘာလ
(၇) ရက်နေ့မှ (၉) ရက်နေ့အထိကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရသည်။ ၄င်းပွဲတွင် မြန်မာနိုင်ငံဈေးကွက်
အတွင်းရှိ နာမည်ကြီး ဖုန်းအမှတ်တံဆိပ်များဖြစ်ကြသော HTC, Huawei, LG, Samsung, ,
Sing Tech, Cycle Tech, inet, JAS, ThL အစရှိသော အမှတ်တံဆိပ်များပါ၀င် ပြသရောင်းချပေးသွားမည့်အပြင်
Retail Store ဆိုင်ကြီးများဖြစ်သော JayMart, eCity, SkyWav, New Fone Mart, Phone
Corner, PAPAYA, KM Mobile, 123it, Time City, Kan Thar အစရှိသော ဆိုင်ကြီးများ ၀င်ရောက်ပြသသွားမည်ဖြစ်သည်။
GoThereMyanmar, Putet Comic App, Bagan Inovation တို့အပါအ၀င် Mobile App တော်တော်များများလည်း ၀င်ရောက်ပြသမည်ဖြစ်ပြီး
VIP Mobile Training Centre နှင့် Sputnik Mobile Training Centre တို့မှလည်း သင်တန်းသားများ
တစ်နေရာတည်း အထူးဈေးနှုန်းဖြင့် အပ်နှံနိုင်ရန် ၀င်ရောက်ပြသပေးသွားမည်ဖြစ်သည်။
MCPA Certified Network Associate (NA) Exam Preparation (Intensive Course) သင်တန်းဖွင့်လှစ်မည်
မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းမှ
အသိအမှတ်ပြု စာမေးပွဲကို ၂ဝ၁၃ ခုနှစ်၊ ဒီဇင်ဘာလ (၂၂) ရက်တွင် ကျင်းပမည် ဖြစ်ပါသည်။
အဆိုပါစာမေးပွဲများသည် Professional နယ်ပါယ်သို့ စတင်ဝင်ရောက်ရန်အတွက် အဓိကလိုအပ်သော
အသိပညာများနှင့် ကျွမ်းကျင်မှုများကို ဦးတည်စစ်ဆေးသော စာမေးပွဲဖြစ်သည်နှင့်အညီ စာမေးပွဲအောင်မြင်သူများသည်
ပညာရှင်နယ်ပယ်တွင် စတင်လုပ်ကိုင်သည့် အခြေအနေသို့ ရောက်မည်ဖြစ်သည်။
Subscribe to:
Posts (Atom)


























