ဒီတစ်ခါပြောမယ့်
အကြောင်းအရာကတော့ တကယ်လို့ သင်ဟာ Company တစ်ခုမှာ IT Administrator လုပ်မယ်ဆိုရင်
ကိုယ့် Company မှာရှိတဲ့ User Computer တွေရဲ့ Internet Bandwidth ကိုထိန်းသင့်လား၊
ဒါမှမဟုတ် မထိန်းသင့်ဘူးလား ဆိုတဲ့ အ ကြောင်းအရာကို တင်ပြဆွေးနွေးမှာ ဖြစ်ပါတယ်။
User Computer တွေရဲ့
Internet Bandwidth ကိုထိန်းသင့်တယ်
User Computer တွေရဲ့
Internet Bandwidth ကိုထိန်းသင့်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် User တွေက အလုပ်နဲ့မပက်သတ်တဲ့
Video တွေ Download လုပ်မယ်၊ Size အရမ်းကြီးတဲ့ Software တွေကို Internet Download
Manager Software အသုံးပြုပြီး Download လုပ်ခဲ့မယ်ဆိုရင် သင့် Company မှာချိတ်ဆက်ထားတဲ့
Internet ကတော်တော်နှေးသွားပါလိမ့်မယ်။ ပြီးတော့ Video တွေကို Online ကနေတိုက်ရိုက်ကြည့်တာတွေ
လုပ်ခဲ့မယ်ဆိုရင် Internet Bandwidth ကတော်တော်လေးကိုနှေးသွားပါလိမ့်မယ်။
Internet Bandwidth များများတပ်ဆင်ထားရင်တော့ ကိစ္စသိပ်မရှိပေမယ့်၊ Internet
Bandwidth တပ်ဆင်ထားတာလည်း နည်းမယ်၊ အသုံးပြုတဲ့ User တွေကလည်းများမယ်၊ Internet
Download Manager Software အသုံးပြုပြီး Download လုပ်ခဲ့မယ်ဆိုရင် စဉ်းစားသာကြည့်တော့။
မြန်မာပြည်ရဲ့ Internet ကသိတဲ့ အတိုင်းပဲလေ။ ခရုတိုက်သွားလို့ ရေအောက်ကကြိုးပြတ်ရတာနဲ့၊
Exchange ရုံးက Down တာနဲ့၊ Tower တိုင် တွေကလိုင်းမမိတာနဲ့၊ SeaGame လုပ်လို့
Bandwidth ထပ်တိုးလိုက်တာ Internet ကြီးပို နှေးသွားရတာနဲ့၊ စုံ နေ တာပါပဲ။ ကျနည်းမျိုးစုံနဲ့ကို
ကျနေတာ။ အဲဒါကြောင့်မို့လို့ User တွေရဲ့ Internet Bandwidth ကိုထိန်းမှအဆင်ပြေပါလိမ့်မယ်။
User Computer တွေရဲ့
Internet Bandwidth ကိုမထိန်းသင့်ဘူး
နောက်တနည်းပြောရရင်
User Computer တွေရဲ့ Internet Bandwidth ကိုမထိန်းသင့်ဘူးလို့ ယူစမိပါတယ်။ ဘာဖြစ်လို့လဲဆိုရင် မြန်မာပြည်ရဲ့ Internet ကသိတဲ့အတိုင်းပါပဲ။
ဒီလောက်ကျနေတာတောင် Internet Bandwidth ကိုထိန်းမယ်ဆိုရင်တော့ Google Page တောင် တက်ဖို့တော်တော်
စောင့်ရလိမ့်မယ်။ ပြီးတော့ Internet Bandwidth ကိုထိန်းလိုက်ရင် အလုပ်ကိစ္စနဲ့ 10
MB လောက်ရှိတဲ့ File Size ကြီးကို Email နဲ့ Attach ပို့ပါပြီတဲ့။ တစ်ရေးပါအိပ်လို့ရလောက်တယ်။
Internet Speed ကြောင့်အလုပ်တွေပါထိခိုက် ရတယ်။ တကယ်လို့သာသင်ရော Internet
Bandwidth ကိုထိန်းခံရပြီး အလုပ်ကိစ္စ မပြီးစီးရင်ဘယ်လိုလုပ်ကြမလဲ။ အဲဒါကြောင့်မို့လို့
User တွေရဲ့ Internet Bandwidth ကိုမထိန်းမှ အဆင်ပြေပါလိမ့်မယ်။
ကဲ…. ဒီဆွေးနွေးမှုနှစ်ခုမှာ သင်ရော ဘယ်လိုထင်ပါသလဲ ????
User Computer တွေရဲ့
Internet Bandwidth ကိုထိန်းသင့်လား၊ ဒါမှမဟုတ် မထိန်းသင့်ဘူးလားဆိုတဲ့ အကြောင်းကို
သင်လည်းဝင်ရောက်ဆွေးနွေးဖို့ ဖိတ်ခေါ်ပါတယ်။
KYAW SUN TUN
Myanmar ICT News
0 comments:
Post a Comment