MSI GT60 ဟာ 2880×1620
Resolution or 3K Display ကိုတပ်ဆင်ထားပြီး Resolution အမြင့်မားဆုံး Notebook
ဖြစ်လာပါတယ်။ Resolution မြင့်မားရုံသာမက 15.6 လက်မ WQHD Display ကိုတပ်ဆင်ထားလို့
အရောင်နဲ့တောက်ပမှု မှာလည်း ကောင်းမွန်ပါတယ်။
MSI GT60 ရဲ့ အရွယ်အစား ဟာ
၁၅.၆ လက်မဖြစ်ပါတယ်။ အထူက ၂.၂ လက်မဖြစ်ပြီး အလေးချိန် က ၇.၇
ပေါင်ရှိပါတယ်။၀င်းဒိုး ၈ ကို အသုံးပြုလည်ပတ်မောင်းနှင်မှာဖြစ်ပြီး 2.4GHz
အမြန်နှုန်းနဲ့လည်ပတ်နိုင်မယ့် Intel Core i7 Processor ကို တပ်ဆင်ထားပါတယ်။
Graphic Card ကို Nvidia GeForce GTX 780M ကို အသုံးပြုထားပြီး RAM ကို 16GB DDR3L
1600MHz RAM ကိုအသုံးပြုထားပါတယ်။ Hard Disk Drive ကို Solid State Drive ဖြစ်တဲ့
128GB SSD အပြင် Magnetic Drive ဖြစ်တဲ့ 1TB HDD တို့တပ်ဆင်ထားပါတယ်။ ၃.၅
ကီလိုဂရမ် အလေးချိန်ရှိတဲ့ 9 Cell Battery ကို အသုံးပြုထားပါတယ်။
GT60 ကို Workstation Version
လည်း ရရှိနိုင်ပြီး External Display သုံးခုနဲ့ တွဲဖက်အလုပ်လုပ်နိုင်ပါတယ်။
Blu-ray Burner Drive တင်ဆင်ထားပြီး Nvidia Quadro K3100M GPU ပါရှိပါတယ်။
MSI GT60 Notebook ကို ဒေါ်လာ
၂၂၀၀ (စတာလင်ပေါင် ၁၃၅၀) နဲ့ ရောင်းချပေးနေပြီး GT60 Workstation Model ကို ဒေါ်လာ
၂၈၀၀ နဲ့ ရောင်းချပေးနေပါတယ်။
THU YA
Myanmar ICT News
0 comments:
Post a Comment